အချက်အလက်များ:

အိမ်နှင့် ပစ္စည်းကိရိယာများပျက်စီးမှုကို သေချာ မမြင်တွေ့ရသော်လည်း ခြတွေက အိမ်နှင့် ခြံဝန်းထဲတွင် ပုန်းနေတတ်ပ ဒီအလေ့အထကြောင့် ” silent destroyer” တိတ်တဆိတ် ဖျက်ဆီးတတ်တဲ့ အင်းဆက်လို့လည်း လူသိများပါတယ်။ ခြအားလုံးဟာ ဆယ်လူးလို့စ် ဆိုတဲ့ ဒြပ်ပါဝင်တဲ့ အပင်အပိုင်းအစတွေကို စားသုံးပြီးရှင်သန်ကြရပါတယ်။ ကံမကောင်းစွာဖြင့် အိမ်မျိုးစုံသည်(မည်သည့် ဆောက်လုပ်ပုံမဆို) ခြတွေအတွက် ဆယ်လူးလို့စ်အစာကို ပံ့ပိုးပေးနိုင်ပါတယ်။ ခြတွေဟာ အရှည်အားဖြင့် တစ်လက်မရဲ့ လေးပုံတစ်ပုံ (တစ်လက်မစိတ်) မှ တစ်လက်မရဲ့ နှစ်ပုံတစ်ပုံ (တစ်လက်မခွဲ) အထိ ရှည်လျားတတ်ကြပါတယ်။ ခြဘုရင်နှင့် ခြဘုရင်မတွေကတော့ ပိုမိုအရွယ်အစားကြီးပြီး တစ်လက်မအထိ ရှည်လျားတတ်ကြပါတယ်။ ခြလုပ်သားတွေကတော့ အရောင်ဖျော့ပြီး ပျော့ပျောင်းတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်တတ်ကြပါတယ်။ ထင်ရှားတဲ့ အတောင်ပံ ၂စုံ ပါရှိတဲ့ ခြပျံတွေကတော့ မျိုးပွားနိုင်ပါတယ်။

အလေ့အထများ:

ခြတွေဟာ ပုံမှန်အားဖြင့် သစ်သားနှင့် ပြုလုပ်ထားသော ပစ္စည်းများ၊ အပင်ဆွေးများ ၊ လဲကျပြုတ်ကျနေသော သစ်ကိုင်းတွေနဲ့ မြေကြီးထဲမှာ နေတတ်ကြပါတယ်။ ခြမျိုးစိတ်ကွဲများစွာ ရှိသလို မျိူးစိတ်ပေါ်မူတည်၍ ခြတွေ လိုအပ်တဲ့ စိုစွတ်မှု ပမာဏလည်း ကွဲပြားပါတယ်။ ခြတွေအတွက် ရှင်သန်ဖို့ အကောင်းဆုံးနေရာ ဖြစ်တဲ့ အပူပိုင်းဒေသတွေမှာ အကောင်ရေပေါင်း များစွာ ထူထပ်ပါတယ်။ မျိူးပွားနိုင်တဲ့ ခြပျံတွေသည် နွေရာသီရောက်တဲ့အခါ မိတ်လိုက်ဖို့အတွက် သူတို့ရဲ့ အတွဲလိုက် နယ်မြေဟောင်းမှ ပျံသန်းထွက်ခွာကြပါတယ်။ မိတ်လိုက်ပြီးသည့်နောက် တောင်ပံများ ကျွတ်ပြီး ခြဘုရင်နှင့် ခြဘုရင်မများ ဖြစ်လာပြီး နယ်မြေအသစ် ထူထောင်ပါတော့တယ်။ ခြတွေ အရွယ်ရောက်လာရင်တော့ လုပ်သားခြ ၊ တပ်သားခြ နှင့် မျိုးပွားနိုင်တဲ့ ခြပံ ဟူ၍ တာဝန် သုံးခုကို အသီးသီး လုပ်ဆောင်ကြပါတယ်။ တစ်ချို့မျိုးစိတ်တွေမှာ ခြဘုရင်မတွေက တစ်နှစ်ကို ဥ သန်းပေါင်းများစွာ ချနိုင်ပါတယ်။

ကာကွယ်မှု:

  • ခြတွေဟာ သင့်အိမ်အတွက် အစဥ် ဒုက္ခပေးနိုင်တာကြောင့် အောက်ပါအချက်တွေကို ပြုလုပ်ပေးခြင်းဖြင့် Orkin ပညာရှင်ရဲ့ ခြထိန်းချုပ်မှု ထိရောက်အောင် ကူညီပေးနိုင်ပါတယ်။ ထိရောက်တဲ့ ခြကာကွယ်ခြင်းနှင့် ခြနှိမ်နင်းခြင်းအစီအစဥ်မှာ သေးငယ်တဲ့ အဆင့်လေးတွေ ပြုလုပ်ခြင်းက ကြီးမားတဲ့ ကွာခြားမှု ရလဒ်ကို ပေးနိုင်ပါတယ်။ ပထမဆုံးအနေဖြင့် စိုစွတ်တဲ့ နေရာ ပတ်ဝန်းကျင်မှင့် ခြတွေအတွက် အစားအစာများကို ဖယ်ရှားပါ။ ဒီသေးငယ်တဲ့ အဆင့်လေးတွေ ပြုလုပ်ပေးခြင်းက ခြတွေ သင့်အိမ်ကို မျက်စိကျဖို့ အလားအလာနည်းစေပြီး ခြကာကွယ်ဖို့ အထောက်အကူများစွာပေးပါတယ်။
  • စိုစွတ်စေမဲ့ ပြဿနာ အခက်အခဲများကို ပြုပြင်ဖယ်ရှားပါ။ ရေစိမ့်နေသော ရေပိုက်ခေါင်းများ၊ ရေပိုက်များ နှင့် လေအအေးပေးစက်များကို ပြုပြင်ပြီး သစ်ဆွေး သစ်ခေါက် သစ်ခြောက်များကို ဖယ်ရှားပါ။
  • ခြတွေကို ဖယ်ရှားလိုက်ပါ။ အိမ်ဖောင်ဒေးရှင်းအနီးတစ်ဝိုက်ရှိ သစ်တုံးနှင့် စာရွက်များကို ဖယ်ရှားပါ။ သင့်အိမ် အနီးဝန်းကျင်၌ အမှိုက်ပုံနှင့် ပင်စည်ပိုင်းတို့ မရှိအောင် ဖယ်ရှားပါ။ အိမ်အပြင်ဘက်ရှိ လေဝင်လေထွက်အပေါက်ကို ဇကာတပ်ပါ။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။