အချက်အလက်များ :

ခြင်တွေက အတောင်ပံ တစ်စုံပါရှိတဲ့ diptera – ဒစ်ပတယ်ရာ လို့ခေါ်မျိုးကွဲမှ ဆင်းသက်လာပြီး ယင်ကောင်တွေနဲ့ မျိုးကွဲတူပါတယ်။ ပုံမှန်အားဖြင့် ရှည်လျားသေးသွယ်တဲ့ ခြေချောင်းတွေနှင့် ထင်ရှားတဲ့ ဦးချွန်ပါတဲ့ ဦးခေါင်း ပိုင်ဆိုင်ထားကြပါတယ်။ သာမန်အားဖြင့် ခြင်တွေရဲ့ ကိုယ်ထည်နှင့် တောင်ပံတွေကို အလွန်သေးငယ်တဲ့ အကြေးခွံတွေ ဖုံးအုပ်ထားပါတယ်။ အရွယ်ရောက်ပြီး ခြင်ကောင်တွေကတော့ ၃ မီလီမီတာ မှ ၉ မီလီမီတာ အရွယ်အစားရှိပါတယ်။

အလေ့အထများ:

ခြင်တွေမှာ အရွယ်ရောက်ခြင်မတွေရဲ့ သွေးစုပ်ပြီး ဥ ဥ တတ်တဲ့ အလေ့ကို အသိများပါတယ်။ လူတွေ သိပ်မသိတဲ့ အချက်ကတော့ အရွယ်ရောက် ခြင်ထီး သာမက ခြင်မရော ပန်းပွင့်များမှ ပန်းဝတ်မှုန်ကို စားသောက်မှီဝဲတတ်တဲ့ အချက်ပါ။ မျိုးစိတ်ပေါ်မူတည်ပြီး အရွယ်မရောက်သေးတဲ့အကောင်ပေါက် ပိုးလောက်လန်းတွေကတော့ အရာဝတ္ထုအမျိုးမျိုးကို မှီဝဲ စားသောက်တတ်ကြပါတယ်။ အများစုကတော့ ရေပေါ်မျှောနေတဲ့ သဘာဝပစ္စည်း အပိုင်းအစနှင့် သေးငယ်လွန်းတဲ့ ရေနေ သက်ရှိတွေကို စားသောက်ပါတယ်။ သို့သော် တစ်ချို့ မျိုးစိတ်တွေကတော့ အချင်းချင်း သတ်ဖြတ်စားသောက်ကြပါတယ်။ အရွယ်ရောက်ပြီး ခြင်တွေကတော့ နေဝင်ချိန်မှ နေထွက်ချိန်အထိ ပိုမို လှုပ်ရှားတတ်ကြွပြီး မှောင်မိုက်တဲ့ အကာအောက်မှာလည်း ပိုမို လှုပ်ရှားတတ်ကြွကြပါတယ်။ နေရောင်အောက်မှာတော့ ခြောက်သွေ့ပြီး သေဆုံးသွားနိုင်တာကြောင့် မနေတတ်ကြပါဘူး။

ကာကွယ်မှု :

  • ခြင်ထိန်းချုပ်ဝန်ဆောင်မှုကတော့ ပေါက်ဖွားရာ နေရာ လျော့ချခြင်းနှင့် လိုအပ်ပါက ဓာတုပစ္စည်းများ သုံးခြင်းတို့ နှစ်ခုပေါင်းပြီး အားထုတ်ထိန်းချုပ်ရပါတယ်။ ခြင်တွေက ရေမှ တစ်ဆင့် ပေါက်ဖွားတာကြောင့် ခြင်ပေါက်ဖွားနိုင်တဲ့ ရေတွေကို ရှင်းလင်းပေးရပါမယ်။ ခြင်ပေါက်ဖွားနေထိုင်တဲ့ နေရာတွေ လျော့ချခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်တာကြောင့် ဓာတုပစ္စည်းများ အသုံးပြုပြီး ဖယ်ရှားသုတ်သင်ကာ ခြင်ပေါက်ဖွားနေထိုင်မှုကို လျော့ချနိုင်ပါတယ်။
  • ခြင်ထိန်းချုပ်မှု အစီအစဥ်ကတော့ သင့် ပိုးမွှားကျွမ်းကျင်ပညာရှင်က အိမ်ကို သေချာစွာ နေရာအနှံ့ စစ်ဆေးပြီး အန္တရာယ်ဖြစ်စေတဲ့ ခြင်အမျိုးအစားကို ဖော်ထုတ်ခြင်းနှင့် စတင်ပါတယ်။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။