အချက်အလက်များ:

ကိုက်ဖြတ်စား သတ္တဝါတွေ (ကြွက် စသည်) ကတော့ လူတွေနှင့် တူတဲ့ သွေးနွေးနို့တိုက်သတ္တဝါဖြစ်ပြီး တစ်ကမ္ဘာလုံး နေရာ အနှံတွေ့ရှိရပါတယ်။ ကိုက်ဖြတ်ရန် ရှေ့သွားကြီးများနှင့် ကြိတ်ဝါးရန် ဘေးကြိတ်သွားလေးတွေ ပါရှိပါတယ်။ ကိုက်ဖြတ်စား သတ္တဝါတွေက ကိုက်နိုင်တဲ့ ပစ္စည်းမျိုးစုံကို ကိုက်တတ်ပြီး အိမ် ထိခိုက်ပျက်စီးမှု များစွာပေါ်ပေါက်စေပါတယ်။

အလေ့အထများ:

ကိုက်ဖြတ်စားသတ္တဝါ (ကြွက် စသည်) တွေ ပေါက်ဖွားနေထိုင်ခြင်းက ပေါက်ဖွားရာ အဆောက်အအုံနှင့် ပတ်ဝန်းကျင်ဒေသရှိ စိုက်ခင်းတွေကို ပျက်စီးဆုံးရှုံးမှု များစွာဖြစ်နိုင်ပါတယ်။ ကိုက်ဖြတ်စား သတ္တဝါတွေ (ကြွက် စသည်) က ရောဂါပိုးပေါင်းများစွာ သယ်ဆောင်လာနိုင်ပြီး လူတွေအတွက် ကျန်းမာရေး ပြဿနာများ ပေါ်ပေါက်စေနိုင်ပါတယ်။ ကိုက်ဖြတ်စား သတ္တဝါတွေက ပေါက်ဖွားနှုန်းမြန်ပြီး အကောင်အရေအတွက်ကလည်း တဖြည်းဖြည်း တိုးပွားလာနိုင်ပါတယ်။ ကိုက်ဖြတ်စားသတ္တဝါတွေကို ထိန်းချုပ်ဖို့ကညမပေါက်ဖွား မနေထိုင်နိုင်အောင် ကာကွယ်တဲ့ နည်းလမ်းက အကောင်းဆုံးပါ။ သင့် အိမ်၊ ဥယျာဉ်ခြံမြေနှင့် ကျန်းမာရေး မထိခိုက်ရအောင် အံဝင်ခွင်ကျဖြစ်စေပြီး သေချာစွာ စနစ်တကျ ဖြေရှင်းဖို့ အလွန်လိုအပ်ပါတယ်။

ကာကွယ်မှု:

ကိုက်ဖြတ်စား သတ္တဝါတွေက မွေးဖွားနှုန်း အလွန် လျင်မြန်ပါတယ်။ တစ်ချို့ မျိုးစိတ်တွေက တစ်နှစ်ပါတ်လုံး မွေးဖွားနိုင်ပြီး အကောင်အရေအတွက်ကလည်း တစ်သတ်မတ်တည်း တိုးပွားလာနိုင်ပါတယ်။ ကိုက်ဖြတ်စားသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံညအနေအထားအရ သူတို့ ခန္ဓာကိုယ်ထက် သေးငယ်တဲ့ အပေါက် ချောင်ကြိုချောင်ကြားတွေတောင် တိုးဝှေ့ သွားလာနိုင်ပါတယ်။ ကိုက်ဖြတ်စား သတ္တဝါတွေ ဝင်ရောက်လို့ မရအောင် အပေါက်ငယ်လေးတွေကို လုံခြုံစွာ ပိတ်စည်းထားရပါမယ်။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။