အချက်အလက်များ :

ယေဘူယျအားဖြင့် ယင်ကောင်တွေသည် ပြောင်လက်သော အရောင်ရှိပါတယ်။ ယင်ထီးတွေမှာတော့ ဦးမှင် ထိပိဆုံးပိုင်းမှာ အတောင်လို အမွေးများ ပါရှိပါတယ်။ အရွယ်ရောက်ပြီး ယင်ကောင်တွေမှာ ဖော့သဏ္ဌာန် ပါးစပ်များပါရှိပြီး ယင်မမည်းရိုင်းတွေကတော့ တွယ်ချိတ်သဏ္ဌာန် ပါးစပ်များ ပါရှိပါတယ်။

အလေ့အထများ:

ယင်ကောင် အများစုကိုတော့ မစင်၊ အသားပုပ် စတဲ့ ဆွေးမြေ့နေသော သဘာဝ စွန့်ပစ်အညစ်အကြေးတွေမှာ တွေ့ရတတ်ပြီး သစ်သီး စားသုံးတဲ့ ယင်ကောင်သေးမျိုးတွေကတော့ အမှည့်လွန်သစ်သီး၊ အချိုရည်နှင့် အယ်လ်ကိုဟော စသော ချိုတဲ့အရာဝတ္ထုတွေကို ရှာဖွေတတ်ကြပါတယ်။ ရေယင်တွေ အတွက် စိုစွတ်သော နေရာ ဒေသနှင့် သဘာဝ ပစ္စည်းတွေ လိုအပ်ပြီး ရေမြောင်းတွေမှာဥ အုချတာ တွေ့ရတတ်ပါတယ်။

ကာကွယ်မှု :

  • ယင်ကောင်အမျိုးအစား၊ ၎င်းတို့၏ စားသောက်ပုံ အလေ့အထကို ခွဲခြားဖော်ထုတ်ခြင်းက မည်သည့် ပိုးမွှား ထိန်းချုပ်မှု နည်းလမ်းကို အသုံးပြုရမည်ကို အထောက်အကူပြုပါတယ်။ ထို့အပြင် ပေါက်ဖွားရာ နေရာကို ရှာတွေ့ရန်လည်း လွယ်ကူစေပါတယ်။
  • စားသောက်သည့် နေရာကို သိရှိပြီးနောက် နောက်ထပ် ပေါက်ပွားခြင်း မရှိအောင် နေရာအနှံ့ သေချာ ရှင်းလင်းသင့်ပါတယ်။
  • သင့်အတွက် သင့်ရဲ့ ဒေသခံ ပိုးသတ်ထိန်းချုပ်မှုပညာရှင်က ပိုးမွှား ပေါက်ပွားနေထိုင်ရာကို ရှာဖွေဖော်ထုတ်ပြီး မလိုလားအပ်တဲ့ အင်းဆက် အရေအတွက်များပြားမှုကို ပပျောက်အောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။