အချက်အလက်များ :

အရွယ်ရောက်ပြီး ပုရွက်ဆိတ်တွေကို ဘုရင်မပုရွက်ဆိတ်မျိား၊ လုပ်သား ပုရွက်ဆိတ်များ၊ ပုရွက်ဆိတ်ထီးများ ဆိုပြီး အုပ်စု သုံးစု ခွဲခြားနိုင်ပါတယ် ။ ဘုရင်မပုရွက်ဆိတ်တွေက သူတို့ အသိုက်မှာ ပုရွက်ဆိတ်ဥတွေ ဥပြီး မျိုးပွားပေးနိုင်တဲ့ အမကောင်တွေပါ။ လုပ်သားပုရွက်ဆိတ်တွေကတော့ မျိုးမပွားပေးနိုင်တဲ့ အမတွေပါ။ ဒါပေမဲ့ အစာရှာပေးရပြီး
ပုရွက်ဆိတ်လောင်းလေးတွေ အတွက် ကျွေးမွေးကာ ပုရွက်ဆိတ်အုံကို ထိန်းသိမ်းသန့်ရှင်းပေးရပါတယ်။ လုပ်သားပုရွက်ဆိတ်မတွေ အတောင်ပံမပါပါဘူး။ အစာရှာဖို့နှင့် မိမိပုရွက်ဆိတ်အုံ့ကို လာရောက်ကျူးကျော်လို့ မရအောင် ကာကွယ်ပေးရပါတယ်။ ပုရွက်ဆိတ်ထီးတွေကတော့ အတောင့်ပံပါသော်လည်း သူတို့ရဲ့ တစ်ခုတည်းသော တာဝန်က မိတ်လိုက်ဖို့ အချိန်ရောက်ရင် ဘုရင်မပုရွက်ဆိတ်တွေနဲ့ မိတ်လိုက်ပေးဖို့ပါ။

အလေ့အထများ:

သင့်အိမ် (သို့) တိုက်ခန်းထဲမှာရှိတဲ့ ပုရွက်ဆိတ်တွေက ရာသီအလိုက် (သို့) တစ်နှစ်ပါတ်လုံး ဒုက္ခပေးနိုင်ပါတယ်။ ပုရွက်ဆိတ်မျိုးစိတ် အများစုကတော့ အသိုက်ကို အိမ်အပြင်မှာ ဆောက်တတ်ပြီး သူတို့ အစာရှာတဲ့အခါ စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အစာ ရရှိနိုင်တဲ့ ပင်ရင်းနေရာကို သိတာနဲ့ အိမ်အထဲသို့ ဝင်ရောက်လာနိုင်၍ အစာကို စုဆောင်းပြီး အိမ်အပြင်ဘက်မှာရှိတဲ့ သူတို့ အသိုက်ကို ပြန်ပါတယ်။ သို့သော် အခြား ပုရွက်ဆိတ်မျိုးစိတ်တွေကတော့ အိမ်အတွင်းသို့ဝင်ရောက်၍ အိမ်ထဲမှာပဲ အသိုက်ဆောက်ပြီး အမြဲနေထိုင်သွားပါတယ်။ အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်နေထိုင်တတ်တဲ့ ပုရွက်ဆိတ်မျိုးစိတ်တွေထဲမှ တွေ့လေ့တွေ့ထရှိတဲ့ မျိုးစိတ်အချို့မှာ – pavement ants – ပုရွက်ဆိတ်မဲ၊ carpenter ants -အိမ်ဆောက်ပုရွက်ဆိတ်မဲ ၊ odorous house ants – အနံပြင်း အိမ်ပုရွက်ဆိတ်မဲ ၊ theif ants – ပုရွက်ဆိတ်နီ ၊ pharoh ants – ခါချဥ် တို့ပဲဖြစ်ပါတယ် ။ ဒီ ပုရွက်ဆိတ်တွေကို ထိန်းချုပ်ရတာခက်ခဲပေမဲ့ ခါချဥ် တွေက ထိန်းချုပ်ဖို့အခက်ခဲဆုံး မျိုးစိတ်တစ်ခုပါ။ အိမ်တွင်း ပုရွက်ဆိတ်တွေကတော့ စိုစွတ်ပြီး အစာပင်ရင်းနဲ့နီးတဲ့နေရာတွေ ဖြစ်တဲ့ နံရံအပေါက် ၊ စက်ပစ္စည်းကိရိယာတွေအောက်၊ ပြတင်းပေါက်ဘောင်အနောက်၊ ကြမ်းခင်းအောက် စတဲ့နေရာတွေမှာ နေတတ်ပါတယ်။ ပုရွက်ဆိတ်တွေက တခြားသတ္တဝါကို အန္တရာယ်ပြု သတ်ဖြတ်ပြီးမှ စားသောက်နေထိုင်အသက်ရှင်ရတဲ့ သတ္တဝါ မဟုတ်တာကြောင့် လူတွေအနီးမှာ လူတွေစားသောက်တဲ့ အစားအစာတွေ – အသား၊ အချို၊ ကစီဓာတ်နှင့် အရည်တွေကိုပဲ မှီဝဲပါတယ်။

ကာကွယ်မှု:

  • အတတ်နိုင်ဆုံး ပုရွက်ဆိတ်တွေ မလာချင်အောင် သင့်အိမ်ကို ထိန်းသိမ်းရပါမယ်။ အကယ်၍သာ ပုရွက်ဆိတ်တွေက အစားအစာနှင့် ရေ အလွယ်တကူ ရရှိနိုင်တဲ့နေရာ ရှာမတွေ့ရင် ပုရွက်ဆိတ်တွေ ဝင်လာဖို့ အလားအလာ နည်းပါတယ်။ မည်သည့်အစားအသောက်အမှုန်အမွှားမဆို ပုရွက်ဆိတ်တွေကို ဆွဲဆောင်ပါတယ်။
  • အစားအစာကို သိုလှောင်ထိန်းသိမ်းပါ။ အဓိကအားဖြင့် အိမ်မွှေး တိရစ္ဆာန်စာတွေကို ဘူးထဲမှာ လုံခြုံစွာ သေချာသိမ်းပါ။ ကောင်တာတွေနဲ့ ကြမ်းပြင်တွေကို မကြာခဏ သုတ်ပေးပါ။
  • သင်ကိုယ်တိုင် ပုရွက်ဆိတ်သုတ်သင်တာက မြင်ရတဲ့ ပုရွက်ဆိတ်ကိုပဲ သုတ်သင်နိုင်တာပါ။ တကယ်ထိရောက်တဲ့ ပုရွက်ဆိတ်ထိန်းချုပ်မှုတွေကတော့ ပုရွက်ဆိတ်အုံကို ဝင်ရောက်ဖျက်ဆီးပြီး ဒီ ပုရွက်ဆိတ်တွေ ပြန်မလာနိုင်အောင် ကာကွယ်နိုင်ပါတယ်။ အိမ်တွင်းဖြစ် ထိန်းချုပ်မျုတွေကလည်း အကျိုးမရှိနိုင်ပါဘူး။ ကွဲပြားတဲ့ ပုရွက်ဆိတ်ပေါက်ဖွားနေထိုင်မှုတွေအတွက် မတူတဲ့ ထိန်းချုပ်မှု လိုပါတယ်။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။