အချက်အလက်များ:

ကြမ်းပိုးတွေက ပြား၍ ဘဲဥ ပုံ သဏ္ဌာန်ရှိကာ အနီညိုရောင်ရှိတဲ့ ၄ မီလီတာမှ ၅ မီလီမီတာ (သို့) ပန်းသီးစေ့ အရွယ်အစားရှိတဲ့ အင်းဆက်တစ်မျိုးပါ။ ကြမ်းပိုးတွေက သွေးစုပ်ပြီးရင်တော့ နီးပြီး ဖောင်းလာတတ်ပါတယ်။’

အလေ့အထများ:

ကြမ်းပိုးတွေက သွေးကိုပဲ မှီဝဲပါတယ်။ ကြမ်းပိုးတွေဟာ အေးမြတဲ့ နေရာမျိုးမှာဆိုရင် အစားအသောက် မမှီဝဲဘဲလည်း တစ်နှစ်အထိ အသက်ရှင်နေနိုင်ပါတယ်။ သူတို့ဟာ လက်ခံကောင် အိပ်နေတဲ့ အချိန် ညဘက်တွေမှာဆို ပိုတက်ကြွပါတယ်။ ကြမ်းပိုးတွေက အက်ကွဲကြောင်းအရာတွေ နံရံအပေါက်တွေနဲ့ မွေ့ယာချုပ်ကြောင်းများ၊ စောင်များ ပရိဘောဂများ၊ ဘိတက်ပြားအနောက်ဘက်နေရာများ၊ မီးပလက်ခုံများနှင့် မှန်ဘောင်တွေမှာ နေထိုင်တတ်ပါတယ်။ တစ်ခန်းနှင့် တစ်ခန်းကူးနိုင်သလို လာရောက်တည်းခိုသူတွေရဲ့ ခရီးဆောင်လက်အိတ်သေတ္တာ ၊ ပိုက်ဆံအိတ် စတဲ့ ကိုယ်ပိုင်ပစ္စည်းဉစ္စာတွေမှ တစ်ဆင့် ကူးစက်နိုင်တဲ့ တည်းခိုခန်းဟော်တယ်တွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။

ကာကွယ်မှု:

  • သင့်အိမ်မှာ မလိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို လွှင့်ပစ်ဖယ်ရှားခြင်းဖြင့် ကြမ်းပိုးတွေကို အလွယ်တကူ ရှာတွေ့စေနိုင်မှာပါ။
  • သင့် အိပ်ယာမွေ့ယာခင်းစောင်များကို မြင့်မားတဲ့ အပူချိန်မှာ လျှော်ပြီး ခြောက်သွေ့စေပါ။
  • အသုံးပြုပြီး ပရိဘောဂများကို အိမ်ထဲသို့ မသွင်းခင် သေချာစွာ စစ်ဆေးပါ။
  • သ့်အိမ်ကို အိမ်ပြောင်းပြီးသည့်အခါ၊ ခရီးထွက်ပြီးသည့်အခါ၊ ဝန်ဆောင်မှု တစ်ခုခု အသုံးပြုပြီးသည့်အခါ၊ ညအိပ် ဧည့်သည် လာရောက်တည်းခိုပြီးသည့်အခါ ကြမ်းပိုး ရှိ မရှိ သေချာ စစ်ဆေးပါ။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။