အချက်အလက်များ:

ပိုးဟပ်များက ၅၀ မီလီမီတာ (၂ လက်မ) အရှည်အထိ ရှိပါတယ်။ အပူပိုင်းဒေသမျိုးစိတ်များသည် အခြားရာသီဥတုတွင် တွေ့ရသောအကောင်များထက် အရွယ်ပိုကြီးပါတယ်။ ပိုးဟပ်များများသည်ခြေ ၆ ချောင်း ၊ ဦးမှင် ၂ ခု နှင့် အချို့အကောင်များတွင် အတောင်ပံပါရှိပါသည် ။သို့သော် အတောင်ပံပါပိုးဟပ်များကလည်း ပျံသန်းလေ့မရှိကြပါဘူး။

အလေ့အထများ:

ပိုးဟပ်မျိုးစိတ် အချို့တို့သည် လူတို့ နေထိုင်ရာနေရာများဆီ ဝင်ရောက်တတ်ကြပြီး ပိုးမွှားအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ အခြားမျိုးစိတ်တွေကတော့ ဆွေးမြေ့နေသော သဘာဝအရာတွေကို ပြန်လည်စားသောက်ပေးသော အရေးပါသည့် အင်းဆက်တစ်မျိုးအနေနဲ့ သဘာဝကိုအကျိုးပြုပါတယ်။ ပိုးမွှားပိုးဟပ်တွေသည် များစွာသော ရောဂါပိုးတွေကို သယ်ဆောင်လာနိုင်ပါတယ်။ များသောအားဖြင့် ပိုးဟပ်တွေကို အညစ်အကြေးစွန့်သော ရေဆိုးရေညစ်ရှိရာနေရာ၊ အစားအသောက်များရှိရာ မီးဖိုချောင်နေရာတွေမှာ တွေ့ရတတ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ပိုးဟပ်များ ပေါက်ပွားနေထိုင်တတ်ပါတယ်။ ပိုးဟပ်တွေသည် မကောင်းသောအနံ့ကို ထုတ်တတ်ပြီး တစ်ခါတစ်လေ အသံတွေလည်း ပြုလုပ်နိုင်ပါတယ်။

ကာကွယ်မှု :

  • အလျင်မြနဆုံးနှင့် အထိရောက်ဆုံး ပိုးမွှားထိန်းချုပ်မှုကတော့ ပိုးမွှားထိန်းချုပ်မှု ပညာရှင်များနှင့် တိုင်ပင်၍စီ မံခန့်ခွဲခြင်းပါပဲ။ ၎င်းပညာရှင်တို့သည် ကိရိယာ ပေါင်းစုံ အသုံးပြု၍ နည်းလမ်းပေါင်းစုံ အကြံပေးနိုင်ပါတယ်။
  • ပိုးဟပ် ဖယ်ရှားရန်နည်းလမ်းတစ်ခုကတော့ ပညာရှင်နှင့် အိမ်ရှင်တို့ ပူးပေါင်းပြီး ပိုးဟပ်တွေကို ဆွဲဆောင်စေတတ်သည့် အရာများကို လျှော့ချခြင်း ဖြစ်ပါတယ်။ အစာရင်းအမြစ်ဖြစ်တဲ့ တိရစ္ဆာန်အစာခွက်၊ ရေမြောင်း၊ ရေပိုက်လိုင်း ၊ပန်းကန်ဆေးစင်၊ အမှိုက်ပုံး စတာတွေကို သေချာ ထိန်းသိမ်း သန့်ရှင်း သိုလှောင်နိုင်ရပါမယ်။
  • နောက်တစ်ဆင့်အနေနဲ့ ပိုးဟပ် ဝင်ရောက်နိုင်မည့် အဓိက နေရာတွေကို ခန့်မှန်းကြည့်ပါမည်။ ဂျာမာန် ပိုးဟပ်ဖြူ စသော ပိုးဟပ်များက အိမ်အတွင်းသို့ ဝင်ရောက်နိုင်ပါတယ်။
  • အိမ်ရှင်များက ပရိဘောဂ ပစ္စည်း ကိရိယာများကို အိမ်ထဲမထားခင် ပိုးဟပ် ရှိ၊ မရှိ ဂရုတစိုက် စစ်ဆေးသင့်ပါတယ်။ အပြင်မှ ပိုးဟပ်များက ပွင့်နေသော ပြတင်းပေါက်များမှ တဆင့်သော်လည်းကောင်း၊ တံခါးပေါက် အောက်ခြေမှ သော်လည်းကောင်း ဝင်ရောက်လာနိုင်ပါတယ်။ ပညာရှင်များနှင့် အိမ်ရှင်တို့ ပူးပေါင်းပြီး အိမ်ကို အလုံခြုံဆုံး ပိတ်ထားဖို့ ဆောင်ရွက်သင့်ပါတယ်။
  • ပညာရှင်များက ပိုးဟပ် ပုန်းအောင်းနေတတ်သော နေရာ၊ ကူးပြောင်းနေတတ်တဲ့ နေရာများတွင် glue boards ကော်ကပ်ပြား စသည့် ထောင်ခြောက်တွေ ချထားနိုင်ပါတယ်။ အိမ်အပြင်တွင် ကြမ်းကြိုကြမ်းကြား ခိုလှုံနိုင်သောနေရာတွေမှာ မျှားစာအဖြစ် အစာအကြွင်းအကျန်တွေချထားနိုင်ပါတယ်။ ပိုးဟပ်ဖယ်ရှားရန် လုပ်ရမည့် အစီအစဥ်နှင့် ကြာချိန်ကတော့ အိမ်အနေအထားနှင့် အခြေအနေပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။