အချက်အလက်မျာ :

ပင့်ကူတွေမှာ ခြေချောင်း ၈ ချောင်း ၊ ခန္ဓာကိုယ် ၂ ပိုင်း ပါရှိပြီး အတောင်ပံနှင့် ဦးမျှင်တွေတော့ မပါရှိပါ။ တစ်ချို့ ပင်ကူမျိုးစိတ်တွေကတော့ စိုစွတ်မှုကို ကြိုက်နှစ်သက်ပြီး မြေအောက်ခန်းတွေမှာ တွေ့ရတတ်ပါတယ်။ အဆောက်အအုံရဲ့ စိုစွတ်သောနေရာနဲ့ ချောင်ကြားတွေမှာလည်း တွားသွားနေတတ်ပါတယ်။ အခြား ပင့်ကူမျိုးစိတ်နွေကတော့ ပူပြင်းခြောက်သွေ့မှုကို နှစ်သက်ပြီး လေဝင်လေထွက် အပေါက်တွေ၊ မျက်နှာကျက်နှင့် အခန်းနံရံအပေါ်ဘက်ထောင့်တွေမှာ တွေ့ရတတ်ပြီး အမှောင်ထဲမှာ ပုန်းလေ့ရှိကြပါတယ်။

အလေ့အထများ:

ပင့်ကူတွေက အင်းဆက်တွေ၊ တခြားပင့်ကူတွေနှင့် သူတို့ ကြီးစိုးနိုင်တဲ့ တခြားသက်ရှိ သားကောင်တွေကို စားသောက်ပါတယ်။ ပင့်ကူတွေမှာ ကြိတ်ဝါး ကိုက်ဖြတ်ဖို့ သွားတွေ မပါကြပါဘူး။ အစာချေဖျက်တဲ့ အင်ဇိုင်းမ်တွေကို အသုံးပြုကာ သားကောင်တွေကို မသုံးဆောင်ခင် အစာချေဖျက်တတ်ကြပါတယ်။ ထို့အပြင် ပင်ကူရဲ့ အူတွေက ကြီးမားတဲ့ အစာမှုန်တွေကို မြိုဖို့အတွက် အလွန်ပင် ကျဥ်းမြောင်းလှပါတယ်။ ပင့်ကူအားလုံးနီးပါးက အမဲလိုက် သတ်ဖြတ် စားသောက်ကြပေမဲ့ အပင်တွေကိုပဲ စားသောက်မှီဝဲတဲ့ ပင့်ကူမျိုးစိတ်တစ်ခုကိုလည်း မှတ်တမ်းတင်တွေ့ရှိထားပါတယ်။
ပင့်ကူတွေက ဆွဲဆန့်နိုင်ပြီး စေးကပ် သန်မာတဲ့ ပိုးမျှင်တွေကို ထုတ်လုပ်နိုင်ကြပါတယ်။ ပင့်ကူတွေက ဆွဲဆန့်နိုင်ပြီး စေးကပ် သန်မာတဲ့ ပိုးမျှင်တွေကို ထုတ်လုပ်နိုင်ကြပါတယ်။ ဒီပိုးမျှင်တွေနဲ့ ပင့်ကူ အိမ် ဆောက်ကြသလို ဥအိမ်တွေလည်း ဆောက်နိုင်ပြီး သားကောင်တွေကိုလည်း ပတ်ထားနိုင်ပါတယ်။ မျိုးစိတ်ပေါ်မူတည်ပြီး ပင့်ကူအိမ်ရဲ့ ပုံ သဏ္ဌာန်နှင့် အရွယ်အစား ကွဲပြားနိုင်ပါတယ်။ တစ်ချို့ ပင့်ကူအိမ်တွေက စက်ဝိုင်း ပုံစံရှိပြီး တစ်ချို့ကတော့ ကတော့ ပုံစံရှိပါတယ်။ တစ်ချို့ပင့်ကူအိမ်တွေကတော့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပုံသဏ္ဌာန် ရှိပြီး တစ်ချို့ကတော့ ပုံသဏ္ဌာန် မမှန်ပါ။ တစ်ချို့ပင့်ကူမျိုးစိတ်တွေကတော့ ပင့်ကူအိမ်တွင် မနေပဲ ဂူတွင်းထဲမှာ ကျက်စားတတ်ကြပြီး အခြားပင့်ကူမျိုးစိတ်တွေက လွတ်လပ်စွာ သွားလာနေတတ်ကြပြီး ကျောက်တုံးနှင့် နံရံအပေါက်တွေမှာ နေတတ်ကြပါတယ်။

ကာကွယ်မှု

  • ပင့်ကူတွေကို အပြင်သို့ ဖယ်ရှားရန်
    ပင့်ကူတွေ အိမ်ထဲ ဝင်ရောက်လာမဲ့ ဘေးမှ ကာကွယ်ရန် နည်းလမ်းကောင်းကတော့ ပင့်ကူတွေ ကြိုက်နှစ်သက်တဲ့ ပတ်ဝန်းကျင်မျိုး မရှိအောင် ထားဖို့ပါပဲ။ ပင့်ကူတွေက ညတစ်ခါတစ်ရံ အပင်တွေ၊ သစ်တုံးသစ်ရွက်ပုံတွေ၊ တာယာဟောင်း (သို့) သစ်ပုံးဟောင်းကဲ့သို့ မှောင်မိုက်ပြီး အနှောင့်အယှက်နည်းတဲ့ နေရာများမှာ အိမ်ဆောက်တတ်ကြပါတယ်။ အိမ်ဘေးပတ်ဝန်းကျင်မှာ ထိုကဲ့သို့သော အရာများကို အိမ်နှင့် ဝေးဝေးထားခြင်းက ပင့်ကူတွေအတွက် အိမ်ထဲ ဝင်ရောက်ဖို့ လမ်း ရှားပါးစေပါတယ်။

  • ပင့်ကူတွေရဲ့ အစားအသောက်နှင့် အမိုးအကာတွေကို ရှင်းလင်း ဖယ်ရှားရန်
    သင့်အိမ်မှာ ပိုးမွှားတွေ နည်းအောင် နေရာ အနှံ့ သန့်ရှင်းနေအောင် ပြုလုပ်ပါ။ ပင့်ကူတွေနဲ့ ပက်သက်ရင်တော့ သန့်ရှင်းနေတဲ့ အိမ်ဟာ ပင့်ကူတွေ အတွက် ပုန်းစရာ နေရာရှားသလို ပင့်ကူတွေ စားသောက်တဲ့ အင်းဆက်အကောင်ငယ်တွေလည်း နည်းပါးစေမှာပါ။ အစားအစာ အရင်းမြစ် မရှိတဲ့ အပြင် ပုန်းဖို့ နေရာတွေ ရှားပါးနေရင် ပင့်ကူတွေ နေထိုင်ဖို့ ခဲယဥ်းစေပါတယ်။”.

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။