အချက်အလက်များ :

ပူနွေးတဲ့ ရာသီဥတုမှာ လူအများ အပြင်ထွက်သလို တုပ်တတ်တဲ့ ပိုးမွှားတွေလည်း ထွက်လာနိုင်ပါတယ်။ နကျယ်ကောင်၊ ပျား၊ ပိတုန်း နှင့် ပျားတူတို့ အတုပ်ခံရရက် နာကျင်ရသလို ဗိုက်နာခြင်း၊ ရောဂါပိုးဝင်ခြင်း၊ နာကျင်ယောင်ယမ်းခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားတတ်ပြီး တစ်ချို့ ရှားပါးတဲ့ ကိစ္စမျိုးမှာတော့ သေသည်အထိ ဖြစ်တတ်ပါတယ်။ တုပ်တတ်တဲ့ ပိုးမွှားကောင်တွေကို စိတ်ပူပန်ရရုံသာမက သူတို့ ပေါက်ဖွားတဲ့ နေရာတွေကို ရှာဖွေရန်နဲ့ ဖယ်ရှားရန်လည်း ပူပန်ရပါတယ်။

ကာကွယ်မှု:

  • • ပူနွေးတဲ့ လများမှာ တုပ်တတ်တဲ့ ပိုးမွှားကောင်တွေက တဝီဝီနဲ့ အိမ်နားမှာ ပျံဝဲတတ်ပြီး တစ််ခါတစ်ရံမှာ မျက်နှာကျက်တွေ၊ မြောင်းတွေ ၊ မြောင်းဖုံးတွေ၊ ခေါင်းမိုးနှင့် ပန်းဆွဲအောက်နှင့် စားပွဲခုံအောက်တွေမှာ အသိုက်ဆောက်နေတတ်ကြပါတယ်။ အိမ်ထဲသို့ ကူးပြောင်း မနေထိုင်နိုင်အောင် နံရံအက်ကွဲကြောင်းအပေါက်တွေကို ရှာ၍ သေချာဖာထေးဖို့ အရေးကြီးပါတယ်။ အကယ်၍ သင့်အိမ် အနီးတစ်ဝိုက် အသိုက်တွေ့ရှိပါက အန္တရာယ်ကင်းကင်းနဲ့ အလုံးစုံ ဖယ်ရှားနိုင်ဖို့ ခက်ခဲပါတယ်။ Orkin ပညာရှင်က သင့်အိမ်နှင့် ခြံဝန်းအတွင်းပျားအိမ် ရှိ မရှိ လာရောက် စစ်ဆေးပေးနိုင်ပါတယ်။ အသိုက် တွေ့ရှိသည်နှင့် တုပ်တတ်တဲ့ ပိုးမွှားကောင်တွေသာမက သူတို့ရဲ့ အသိုက် (ပျားအုံ စသည်) တို့ကို ဖယ်ရှားပေးနိုင်ပါတယ်။

ပိုးမွှားထိန်းချုပ်ပညာရှင်နှင့်ဆက်သွယ်လိုက်ပါ။