လက်လီအရောင်းဆိုင်များ

သင့်ဖောက်သည်တွေ ပိုးမွှားအင်းဆက်ထိတွေ့ခြင်းမှ ကာကွယ်ရန် ကျွန်ုပ်တို့အတွက် အရေးကြီးပါတယ်။

လက်လီရောင်းချသူ တစ်ဦးအတွက် နေ့တိုင်း ဆိုင်ထဲသို့ ဝင်ရောက်လာသော ဖောက်သည်တွေရဲ့ အမြင်က အရေးကြီးပါတယ်။ ပိုးမွှားအင်းဆက် အန္တရာယ်က သင့်နဲ့ သင့်ဖောက်သည်ကြား ဆက်ဆံရေးကို ပျက်ပြားစေရုံသာမက ဖောက်သည်တွေအတွက်လည်း မလိုလားအပ်တဲ့ အန္တရာယ်တွေ ပေါ်ပေါက်စေနိုင်ပါတယ်။ ပိုးမွှားအင်းဆက်တွေက သင့်ဖောက်သည်နဲ့ ဝန်ထမ်းတွေကို ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ များစွာသော ဘက်တီးရီးယားတွေ သယ်ဆောင်လာနိုင်ပါတယ်။ ဥပမာ – E. Coli: အီး ကိုလိုင် (အစာအဆိပ်သင့်စေနိုင်သော ဘက်တီးရီးယား) ၊ Salmonella : ဆယ်မွန်နယ်လား (အစာအဆိပ်သင့်စေနိုင်သော ဘက်တီးရီးယား) ၊ Shigella: ရှီဂယ်လာ (ဝမ်းပျက်စေနိုင်သော ဘက်တီးရီးယား) ၊ Staphylococcus: စတပ်ဖ်လို ကောပ်စ် (အရေပြားဆိုင်ရာ ဘက်တီးရီးယား)။
လူအများအပြားဝင်ထွက်နေမှုနှင့် အချိန်မရွေး ကုန်သွယ်ကုန်ပို့ခြင်းစတဲ့ အခြေအနေတွေကြောင့် လက်လီအရောင်းဆိုင်အနေဖြင့် ပိုးမွှားပေါက်ဖွားနေထိုင်မှုများ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့် အပြင်မှ ပိုးမွှားများ ဝင်ရောက်လာနိုင်ပါတယ်။ Orkin က ဒါတွေကို ကူညီပေးနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စုပေါင်း ပိုးမွှားထိန်းချုပ်မှုအစီအစဥ်က ပိုးမွှားအင်းဆက်ဘေးမှ ကာကွယ်ရန် နေရာအကျယ်အဝန်းအတွက် ထိန်းချုပ်မှု ဒီဇိုင်းဆွဲပေးခြင်း၊ စည်းမျဥ်းစည်းကမ်းများရေးဆွဲပေးခြင်း၊ ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး အလေ့အကျင့်များ သင်ပေးခြင်းတို့ကို တာဝန်ယူပေးနေပါတယ်။

ထို အချက်တွေကြောင့် စားသောက်ကုန်ကဏ္ဍမှာ ထိရောက်မှုရှိပြီး စိတ်ချရတဲ့ စစ်ဆေးမှုများနှင့် အတွေ့အကြုံရှိတဲ့ ပိုးမွှားထိန်းချုပ်မှုနှင့် လက်တွဲသင့်ပါတယ်။
Orkin မှ သင့်လုပ်ငန်းအတွက် ဘယ်လိုအကျိူးကျေးဇူးတွေ ရရှိစေနိုင်မလဲ သိအောင် ဒီနေ့ပဲ အခမဲ့ ဆွေးနွေးမှု တောင်းဆိုလိုက်ပါ။ သင့်လျော်အောင် စီမံပေးမဲ့ ပိုးမွှားထိန်းချုပ်မှု အစီအစဥ်ကို သင်နှင့် အတူတကွ ဆောင်ရွက်ပေးချင်ပါတယ်။
ဒီနေ့ပဲ ဖုန်းခေါ်လိုက်ပါ။