Orkin နှင့် လူနေအိမ်များ

သင့်အိမ်အတွက် ကိုက်ညီတဲ့ ပိုးမွှားထိန်းချုပ်မှု ဝန်ဆောင်မှုများ

Orkin နှင့် လူနေအိမ်များ

နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ုပ်တို့က ပိုးမွှားအင်းဆက်သဘာဝကို နားလည်အောင်နှင့် ထိန်းချုပ်နိုင်အောင် လေ့လာတွေ့ရှိမှုတွေနှင့် နည်းပညာများ သုံးလာခဲ့တာပါ။ ကျွန်ုပ်တို့ ပိုးမွှားထိန်းချုပ်ကျွမ်းကျင်ပညာရှင်တွေကို တက္ကသိုလ်အဆင့်မှီ သင်တန်းအစီအစဥ်တွေ ပေးနိုင်အောင် ထိပ်တန်း ပညာရေး အဖွဲ့အစည်းတွေနဲ့ လက်တွဲထားပါတယ်။ သင့်အိမ်ကို မလိုလားအပ်တဲ့ ပိုးမွှားအန္တရာယ်ဘေးမှ ကာကွယ်နိုင်ရန် Orkin ရဲ့ ကျွမ်းကျင်ပညာရှင်တွေက လိုအပ်တဲ့ အသိပညာနှင့် သင်တန်းများ တတ်မြောက်ထားပါတယ်။

တစ်အိမ်နှင့် တစ်အိမ် မတူပါဘူး။

ထို့ကြောင့် Orkin က တစ်မူထူးခြားတဲ့ သင့်ရဲ့ လိုအပ်ချက်တွေကို လျော်ညီတဲ့ သိပ္ပံနည်းလမ်းတကျ ဖြေရှင်းချက်တွေကို ပေးဖို့ စိတ်အားထက်သန်ပါတယ်။ Orkin က A. I. M (Assess – အကဲဖြတ်, Implement – အကောင်အထည်ဖော်, Monitor – စောင့်ကြည့်) နည်းလမ်းဖြင့် သင့်လိုအပ်မှုတွေကို အလုံးစုံ ဖြေရှင်းဖို့ ဆောင်ရွက်ပေးမှာပါ။

Assess – အကဲဖြတ်မှု

အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို သင့်ရဲ့ Orkin ပညာရှင်က အကဲဖြတ်စစ်ဆေးပြီး ပိုးမွှားတွေ ပေါက်ဖွားနေထိုင်နိုင်တဲ့ အကြောင်းရင်းတွေကို သုံးသပ်ပေးမှာပါ။ သင့် Orkin ပညာရှင်က
ပထဝီအနေအထား၊ ရာသီဥတု၊ မြေမျက်နှာသွင်ပြင်၊ မြေဆီမြေနှစ်အမျိုးအစား၊ ရေစီးဆင်းမှုနှင့် သုံးသပ်ဆင်ခြင်ပြီး ပိုးမွှား အန္တရာယ်မှ ကာကွယ်ပေးမှာပါ။

Implement – အကောင်အထည်ဖော်မှု

လေ့လာတွေ့ရှိမှုများအရ သင့် ရဲ့ Orkin ပညာရှင်က မျိုးစုံသော ကိရိယာများ
နှင့် ထိန်းချုပ်မှု နည်းလမ်း ပေါင်းစုံအသုံးပြုပြီး သင်နှင့် သင့်မိသားစုကို ပိုးမွှား အန္တရာယ်များမှ ကာကွယ်ပေးမှာပါ။ သင့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ကျွန်ုပ်တို့ အတတ်ပညာနှင့် အတွေ့အကြုံအရ ပိုးမွှားများ အလွယ်တကူ ဝင်ရောက်နိုင်တဲ့ နေရာတွေမှာ ပိုးမွှားထိန်းချုပ်ရေးကိရိယာများ ထားပေးမှာပါ။

Monitor – စောင့်ကြည်မှု

ပိုးမွှားထိန်းချုပ်မှုဆိုတာ တစ်ကြိမ်တည်း လုပ်ဆောင်ရတာ မဟုတ်ပါဘူး: သင့်အိမ်ကို နေ့တိုင်း သုံးသပ်စစ်ဆေးဖို့ လိုပါတယ်။ အစဥ်မပြတ် ထိရောက်တဲ့ ဝန်ဆောင်မှုရစေရန် ကျွန်ုပ်တို့က တစ်နှစ်ပါတ်လုံး သင့်အိမ်ရဲ့ မည်သည့် ပိုးမွှား လှုပ်ရှားမှုမျိုးမဆို အစီအစဥ်တစ်လျောက် မှတ်တမ်းတင်ပြီး သင်နှင့် အတူ ဆက်သွယ် ညိနှိုင်းရင်း စောင့်ကြည့်ပေးမှာပါ။

သင့် Orkin ပညာရှင်မှ ဘယ်အရာတွေ မျှော်လင့်နိုင်ပါသလဲ။

သင့် Orkin ပညာရှင်က စုပေါင်း A.I.M အစီအစဥ်ကို အသုံးပြုပြီး သင့်အဆောက်အဦရဲ့ ပိုးမွှားဆိုင်ရာ အခက်အခဲတွေကို အကဲဖြတ် အကောင်ထည်ဖော် လေ့လာစောင့်ကြည့်ပေးမှာပါ။ ပထမဆုံး လာရောက်ကြည့်ရှုချိန်တွင် Orkin က အကောင်းဆုံး လိုင်းပစ္စည်းကိရိယာများသုံးပြီး သင့်အိမ်ကို အသေးစိတ် စစ်ဆေးပေးမှာပါ။ စစ်ဆေးမှုဟာ ယေဘူယျအားဖြင့် ၄၅မိနစ်လောက် ကြာတတ်ပါတယ်။ သို့သော်အဆောက်အဦရဲ့ အကျယ်ပမာဏပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ထို့နောက် သင့် ပိုးမွှားထိန်းချုပ်ရန် လိုအပ်ချက်များနှင့် အံဝင်ခွင့ကျဖြစ်စေမည့် အကြုံပြုချက်များ နှင့် ပိုးမွှား ပြဿနာ အဓိကဖြစ်နေသော နေရာများကို ဖော်ပြမည့် အစီအရင်ခံစာ အပြည့်အစုံကို ပေးမှာဖြစ်ပါတယ်။
သင့်ဆီမှ ခွင့်ပြုချက်ရသည့်နှင့် တစ်ပြိုင်နက် သင့် Orkin ပညာရှင်က ပိုးမွှားထိန်းချုပ်ခြင်းအစီအစဥ်ကို စတင်အကောင်ထည်ဖော်မှာပါ။ စစ်ဆေးပြီးသည့်နှင့်နောက် သင့် Orkin ပညာရှင်က အစီအစဥ်ကို စတင်ပြီး ပိုးမွှားထိန်းချုပ်ခြင်း ထိရောက်မှုရှိစေရန် ပစ္စည်း ကိရိယာများ သုံး၍ ပိုးမွှားအင်းဆက်လှုပ်ရှားမှုများကို လေံလာ၍ စစ်ဆေးမှုမှ ဖော်ထုတ်ခဲ့တဲ့ ပိုးမွှားအန္တရာယ်တွေကို ဖယ်ရှားပေးမှာပါ။ ဝန်ဆောင်မှု ပြီးရောက်သည်နှင့် ဝန်ဆောင်မှုလက်မှတ် (Service Ticket) ကို ထုတ်ပေးမှာပါ။ ဝန်ဆောင်မှု လက်မှတ်တွင် ပြီးမြောက်သည့် အရာများနှင့် ၁၀၀ ရာခိုင်နှုန်း ပိုးမွှားကင်းကာကွယ်နိုင်ရန် ပြန်လည်စစ်ဆေးရမည့် အချိန် ပါဝင်ပါတယ်။
သင့် Orkin ပညာရှင်က တစ်နှစ်ပါတ်လုံး ပုံမှန်လာရောက်ပြီး အရင် ပိုးမွှား ဝန်ဆောင်မှု ထိရောက်ခြင်း ရှိမရှိ နှင့် ပိုးမွှား အသစ်များ ပေါက်ဖွားခြင်း ရှိမရှိ စစ်ဆေးမှာပါ။ ထို့အပြင် ပိုးမွှားထိန်းချုပ်ခြင်း တိုးတတ်မှုရှိမရှိ စာရွက်စာတမ်းများ မှတ်တမ်းတင်ထားပေးတာကြောင့် သင့် အိမ် သို့မဟုတ် သင့် လုပ်ငန်းရဲ့ အခြေအနေကို သိရှိစေမှာပါ။ သင့်စိတ်ကျေနပ်မှုမရသရွေ့ ကျွန်ုပ်တို့လည်း စိတ်မချမ်းသာနိုင်ပါဘူး။