Orkin ရဲ့ အတွေ့အကြုံရှိ ပိုးမွှားစီမံခန့်ခွဲပညာရှင်တွေက တက်ကြွဖျတ်လတ်တဲ့ ချဥ်းကပ်နည်းနှင့် သက်ပြေပြနိုင်သော ဖြေရှင်းချက်တွေကို အသုံးပြုပြီး သင့်အိမ်နှင့် လုပ်ငန်းအတွက် သင့်လျော်တဲ့ ပိုးမွှား ထိန်းချုပ်မှု အစီအစဥ်ကို ဖန်တီးပေးမှာပါ။
● နှစ် ၁၀၀ ကျော် အတွေ့အကြုံ ● တည်နေရာပေါင်း ၄၀၀ ကျော် ● Customer ပေါင်း ၁သန်းကျော်
Orkin ဟာ အမြင့်မားဆုံးသော နည်းပညာ အထောက် အပံ့၊ လေ့ကျင့်မှု နှင့် နည်းပညာ တိုးတတ်မှုတွေကို ထောက်ပံ့ပေးနေပါတယ်။ ဒီရင်းနှီးမြုပ်နှံမှုတွေက ဖောက်သည်တွေကို အကောင်းဆုံးသော ဝန်ဆောင်မှုပေးနိုင်ရန် ကူညီပေးနေတာကြောင့် ပိုးမွှားဝန်ဆောင်မှုကို လူတွေ မြင်တဲ့ အမြင်များပြောင်းလဲနေပါပြီ။
လက်ဗီးရီးယန်း မျိုးဆက် Otto Orkin (အော်တို အော်ကင်)ဟာ အမေရိကန်သို့ ပြောင်းရွေ့နေထိုင်ပြီး အိမ်တိုင်ရာရောက် ကိုက်ဖြတ်စား သတ္တဝါနှိမ်နင်းရေးကို စတင် ဝန်ဆောင်ခဲ့ပါတယ်။
Orkin သည် Orkin Exterminating Company, Inc. (Orkin သုတ်သင်ရှင်းလင်းရေး ကုမ္ပဏီရဲ့ Atlanta (အတ်တလန်တာ) ရုံးခန်းကို ဖ္ငင့်လှစ်ခဲ့ပြီး အမေရိကား တောင်ဘက်ပိုင်းရှိ တခြား အချက်အချာ ကျတဲ့ မြို့တွေမှာ စတင် လုပ်ငန်းဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီ အမှတ် တံဆိပ် အဖြစ် Orkin လေးထောင့်စိန် အဖြစ် စတင် မိတ်ဆက်ခဲ့ပါတယ်။ (သတင်းစာ ကြော်ညာ ဖြတ်ပိုင်း)
ကိုက်ဖြတ်စား သတ္တဝါတွေကို အထူး ဂရုပြု ဝန်ဆောင်မှု ပေးပြီးနောက် အင်းဆက် ဝန်ဆောင်မှုကို တဖြည်းဖြည်း ဝန်ဆောင်မှု ပေးလာနိုင်ပါတယ်။ ထို့နောက် ခြ နှိမ်နင်းရေး ဝန်ဆောင်မှုကို စတင် ကြော်ညာလာခဲ့ပါတယ်။
၁၉၃၀ ပြည့်နှစ် တစ်လျှောက် Orkin လုပ်ဖော်ကိုင်ဖက်တွေက ကြံခိုင်တဲ့ တစ်မူ ထူးခြားသော ဝန်ဆောင်မှုပေးနိုင်ခြင်း အခြေခံ အုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ စီးပွာရေး လုပ်ငန်းကြီးတွေ ကြားမှာ စီးပွားရေးစာတွေမှာ Orkin ရဲ့ အရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးလိုခြင်းကို ထင်ဟက်စေပါတယ်။
အမေရိကန် စစ်ဘက်ဆိုင်ရာ လူ့စွမ်းအား ကော်မရှင်မှ ပိုးမွှားထိန်းချုပ် ဝန်ဆောင်မှုကို ”မရှိ မဖြစ် ဝန်ဆောင်မှု”ဟု သတ်မှတ်ခဲ့ပြီး စစ်ဘက်ဆိုရင်ရာ နေရာပေါင်း ၁၅၀ အတွက် ပိုးမွှား ထိန်းချုပ်မှုနှင့် ဓာတ်ငွေ့ ဖြင့် ပိုးသတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ( ပညာရှင်တွေက ဝန်ဆောင်မှုပေးရန် စက်ဘီးကို အသုံးပြုခဲ့ပြီး ဓာတ်ဆီကိုလည်း အချိုးကျကျ ဝေမျှ သုံးစွဲခဲ့ရပါတယ်။)
Orkin ရဲ့ ပထမဆုံး ရုပ်သံ ကြော်ညာဖြစ်တဲ့ အောတို အော်ကင် ၏ အသံ ပါဝင် သရုပ်ဆောင်ထားသော သီချင်းဆိုတဲ့ စပရေး ဘူးလေး ကြော်ညာဟာ ကြော်ညာလောက မှာ လူသိထင်ရှားတဲ့ ကြော်ညာသီချင်းလေး ဖြစ်ခဲ့ပါတယ်။
အို ဝေ ရိုလင်းစ် ၊ Rollins Broadcasting, Inc.( Rollins, Inc. ဟု နောက်ပိုင်း အမည်တွင်) ရဲ့ တည်ထောင်သူဟာ Rollins ကုမ္ပဏီ ၏ အမြတ်ရဲ့ ၇ ဆ ထပ်များသော အမေရိကန်ဒေါ်လာ ၆၂ ကုဋေ နဲ့ Orkin Exterminating Company ကို ဝယ်ယူခဲ့ပါတယ်။
Orkin ရဲ့ ပင်မ ကုမ္ပဏီ Rollins, Inc. ဟာ ဝယ်လ်မင်တန် မြို့မှ အတ်တလန်တာ မြို့သို့ ရုံးချုပ် ပြောင်းရွေ့ခဲ့ပါတယ်။ ( အတ်တလန်တာ ရုံးချုပ်အသစ်ရှေ့မှ အို ဝေ ရိုလင်းစ် ၏ ပုံ)
အို ဝေ ရိုလင်းစ် ရဲ့ သားဖြစ်သူ ဂယ်ရီ ရိုလင်းစ် ( လက်ရှိ Orkin ဥက္ကဌ၊ Chief Operations Officer ဒါရိုက်တာ ဘုတ် အဖွဲ့ဝင်) ဟာ အတ်တလန်တာ ပိုးမွှားနှင့် ခြ စုံစမ်းစစ်ဆေးရေးမှူး အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Rollin, Inc. (ROL) က NYSE – နယူးရော့ ရင်းနှီးမြုပ်နှံမှု မှာ စတင် ကုန်သွယ်ခဲ့ပါတယ်။ (ဓာတ်ပုံ ဘယ် မှ ညာ – ရမ်ဒယ် ရိုလင်းစ်၊ ဂျွန် ရိုလင်းစ်၊ ရော့ဘတ် ဟက်ခ် ( NYSE ဥက္ကဌ) ၊ ဝေး ရိုလင်းစ်၊ ဟင်နရီ တစ်ပီ၊ အာလ် ဂစ်ဂါ။)
Orkin ဟာ အိမ်တွင်းဖြစ် စီးပွားရေးလုပ်ငန်းလေးများနှင့် ယှဥ်ပြိုင်၍ Orkin လုပ်ငန်း၏ အရွယ်အစားနှင့် အင်အားကို သိသာစေရန် ‘’Big Number One” ဆိုတဲ့ ကြော်ညာ ကမ်းပိန်းကို လုပ်ဆောင်ခဲ့ပါတယ်။
Forbes မဂ္ဂဇင်း ဟာ Orkin နှင့် စပ်တူ ကုမ္ပဏီများရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းကြောင့် Rollins, Inc. ကို အမေရိကန်နိုင်ငံရဲ့ နံပါတ်တစ် ဝန်ဆောင်မှု ကုမ္ပဏီ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ( ဖောက်သည် နှင့် ဆက်သွယ်ရေးအဖွဲ့ဝင် အချို့ ဓာတ်ပုံ)
The Orkin Exterminator Robot – အော်ကင် နှိမ်နင်းရေး စက်ရုပ်လို့ ခေါ်တဲ့ ကြော်ညာ ကမ်းပိန်း က တစ်နိုင်ငံလုံးမှာ ပွဲဦးထွက် ကြေညာခဲ့ပါတယ်။
Smithsonian’s National Museum of Natural Beauty – စမစ်ဆိုနီးယန်း အမျိုးသား သဘာဝအလှ ပြတိုက်မှာ Orkin က O. Orkin လို့ခေါ်တဲ့ အင်းဆက် တိရစ္ဆာန်ရုံ ဖွင့်လှစ်ခဲ့ပါတယ်။
Orkin Man ဆိုတဲ့ ကာတွန်းဇာတ်လမ်းဟာ the Exterminator Robot အော်ကင် နှိမ်နင်းရေး စက်ရုပ်ကို ကျော်တတ်ခဲ့ပြီး Orkin ရဲ့ ကြော်ညာ သရုပ်ပြ တစ်ခု အဖြစ် ရပ်တည်ခဲ့ပါတယ်။
PCO Services ကုမ္ပဏီကို ဝယ်ယူပြီးနောက်မှာ Orkin ဟာ ကနေဒါမှာ အကြီးဆုံး ပိုးမွှား ထိန်းချုပ်ရေး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။
အတ်တလန်တာ မှာ Award-winning state-of-the-art လေ့ကျင့်ရေးစင်တာ ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ Orkin မှ ဝန်ဆောင်မှုပေးသော စီးပွားဖြစ် မီးဖိုချောင်များ၊ ဆေးရုံနှင့် ဟော်တယ်အခန်းများ နှင့် အခြား indoor နှင့် outdoor နေရာများတွင် လက်တွေ့ကွင်းဆင်း သင်တန်းပေးနိုင်ခဲပါတယ်။ (ခြ နှင့်ပက်သက်သော လေ့ကျင့်မှု ဆောင်ရွက်နေပုံ)
Orkin ဟာ ပြည်သူလူထုကို အိမ်နှင့် ပတ်၀န်းကျင်ရှိ ပိုးမွှားများမှ ကူးစက်တတ်သော ရောဂါများအကြောင်းကို အသိပညာပေ:ရန် Centers for Disease Control and Prevention – ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကျန်းမာရေး စင်တာများ (CDC) နှင့် ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။
Orkin မှ အဓိက ခြေလှမ်း ၂ ခု ဖြစ်တဲ့ (၁) အာဖရိကမှ ငှက်ဖျားရောဂါ တိုက်ဖျက်ရန် United Nation ရဲ့ စေတနာြပု ဖောင်ဒေးရှင်း တစ်ခု ဖြစ်တဲ့ Nothing but Nets နဲ့ ပူပေါင်းပြီး Fight the Bite အစီအစဉ် နှင့် (၂) အငယ်တန်း ပိုးမွှား စုံစမ်းရှာဖွေသူများ – ကလေးများကို ပိုးမွှားတွေကို သဘာ၀ အတိုင်း မြင်စေပြီး သဘာ၀အတိုင်း ဖယ်ရှားတတ်စေရန် မူလတန်း K-6 သင်ခန်းစာများ ကို စတင် လုပ်ဆောင်ခဲ့ပါတယ်။
ဆန်းသစ်သော အိမ်တွင်း ပိုးမွှားထိန်းချုပ် နှိမ်နင်းရေး ဝန်ဆောင်မှုအသစ်များတွင် Dry Zone – ခြောက်သွေ့ဒေသ (အိမ်အောက် တွားသွားလို့ရတဲ့ နေရာများအတွက် အစိုဓာတ်ထိန်း ဝန်ဆောင်မှု)၊ ငှက်နှင့် တောတွင်း တိရစ္ဆာန် ထိန်းသိမ်းဝန်ဆောင်မှု နှင့် Orkin Heat (ဓာတ်ငွေ့ ဖြန်းခြင်းထက် သဘာ၀ ပတ်ဝန်းကျင်နှင့် သဟဇာတ ပိုဖြစ်သော ဝန်ဆောင်မှု) တို့ပါ၀င်ပါတယ်။
Orkin ဟာ Saudi Arabia, Qatar, Bahrain, Kuwait, Dominician Republic, Honduras, United Arab emirates, South korea, Costa Rica, Panama နှင့် Mexico နိုင်ငံတွေမှာ အပြည်ပြည်ဆိုင်ရာ Franchise လုပ်ငန်းတွေရှိနေပါပြီ။ (Costa